ကမ္ဘောဒီးယားတွင် ကလေးသုံးပေါင်ဒါများ ယာယီပိတ်ပင်မှု ရုတ်သိမ်း

 Laboratory analysis on baby powder (Photo by Phnonpenh Post)


ကမ္ဘောဒီးယားမှာ သြဂုတ်လ ၂၃ က ကလေးသုံးပေါင်ဒါမှုန့်တွေ ယာယီပိတ်ပင်ခြင်းကို စက်တင်ဘာ ၆ ရက် ၂၀၂၂ မှာ ရုတ်သိမ်းလိုက်ပါပြီ။ ကမ္ဘောဒီးယား  ပြည်တွင်းဓာတ်ခွဲခန်းကနေ ပြည်ပကတင်သွင်း ဖြန့်ချီတဲ့ ဒါဇင်ချီတဲ့ကလေးသုံး ပေါင်ဒါအမျိုးအစားတွေမှာ ကျောက်ဂွမ်းမှုန့် ပါဝင်နိုင်ခြေရှိကြောင်း သံသယရှိခဲ့တဲ့အတွက် ယာယီပိတ်ပင်ပြီး စစ်ဆေးခဲ့ခြင်းဖြစ်ပါတယ်။


သြစတေးလျဓာတ်ခွဲခန်းမှာ  စစ်ဆေးပြီး ရလဒ်တွေ ထွက်လာတဲ့အချိန် စက်တင်ဘာ ၅ ရက်နေ့မှာ ပြည်တွင်း သွင်းကုန်လုပ်ငန်းတွေ အနေနဲ့ တင်သွင်းခြင်းနဲ့ ဖြန့်ချီခြင်းတွေ ပုံမှန်ပြန်လုပ်နိုင်ကြောင်း ကြေငြာခဲ့ပါတယ်။ 


သြစတေးလျ ကျွမ်းကျင်ပညာရှင်တွေဟာ ကမ္ဘောဒီးယားဓာတ်ခွဲခန်းတွေအတွက် Polarised Light Miscroscopy (PLM) System ကို ကျောက်ဂွမ်းမှုန့် ပါမပါ ခွဲခြားစစ်နိုင်ဖို့ နည်းလမ်းပါပေးခဲ့တယ်ဆိုပါတယ်။


ကလေးသုံးပေါင်ဒါတွေမှာ ကျောက်ဂွမ်းမှုန့်တွေ သို့မဟုတ် ကျောပ်ဂွမ်းကဲ့သို့အမှုန့်တွေဟာ တချက်တချက်ပါလာနိုင်တတ်ပြီး ခေတ်မှီတဲ့ နည်းလမ်းတွေနဲ့ စမ်းသပ်ကြည့်မှသာ သေချာ ခွဲခြမ်းနိုင်တယ်လို့ ဖော်ပြထားပါတယ်။


သြစတေးလျ COHLAB ဓာတ်ခွဲခန်းမှာ နမူနာ ၁၂ မျိုးကို စမ်းသပ်ပြီးနောက် ကျောက်ဂွမ်းမှုန့်တွေ မပါကြောင်း အတည်ပြုခဲ့ပါတယ်။ ဒါကြောင့်မို့ မိဘအုပ်ထိန်းသူတွေအနေနဲ့ ယာယီပိတ်ပင်ထားခဲ့တဲ့ ကလေးသုံးပေါင်ဒါတွေဟာ အန္တရာယ်မဖြစ်တဲ့အတွက် ယုံကြည်စိတ်ချစွာ ပြန်သုံးစွဲနိုင်ကြောင်း ကမ္ဘောဒီးယားတာဝန်ရှိသူက ပြောခဲ့ပါတယ်။ 


မကြာသေးခင်က ပိတ်ပင်လိုက်ရတဲ့ လုပ်ရပ်ဟာ အများပြည်သူလုံခြုံစိတ်ချဖို့အတွက် ဖြစ်ပြီး ပေါင်ဒါတွေထဲမှာ ကျောက်ဂွမ်းမှုန့်တွေပါလာခြင်းဟာ သုံးစွဲသူအတွက်အန္တရာယ်များပြိီး ကမ္ဘာလုံးဆိုင်ရာ စိုးရိမ်မှုတစ်ခု ဖြစ်နေတဲ့အတွက် ဖြစ်ကြောင်း ထုတ်ပြောခဲ့ပါတယ်။


DKSH(Cambodia) အနေနဲ့လဲ အသက်ရှုချောင်သွားခဲ့ရပါတယ်။ အကျိုးဆက်အနေနဲ့ကတော့ ပြည်တွင်းသုံးစွဲသူတွေ အနေနဲ့ စိုးရိမ်မှဝင်သွားခဲ့တဲ့အတွက် ရောင်းအားထိခိုက်မှု ရှိနိုင်ပါတယ်။ သုံးစွဲသူမိခင်တွေဟာ ယာယီပိတ်ပင်ချက်ကြောင့် ရပ်တန့်ခဲ့ရပြီး ကင်းရှင်းကြောင်း ကြေငြာချက်ကြောင့် နဂိုထဲက သုံးစွဲနေသူတွေဟာ ဆက်လက်သုံးစွဲကြမှာ ဖြစ်ပေမဲ့ တခြားမိဘတွေကို ညွှန်းဆိုမှု မလုပ်လိုတော့ကြောင်းတွေ ပြောလာပါတယ်။


(သြဂုတ် ၂၅ ရက်ဝန်းကျင်က ကင်ဆာဖြစ်စေလို့ ပေါင်ဒါမှုန့်တွေ ပိတ်ပင်ကြောင်းသတင်းဟာ မြန်မာပြည် လူမှုကွန်ယက်မှာ Post တင်တဲ့ Page တွေရဲ့ အရေးအသားတွေကြောင့် လှုပ်လှုပ်ခတ်ခတ် သို့လော သို့လော ဖြစ်ခဲ့ကြပြီး မကြာခင် လူအကြည့်များ အရှဲများတဲ့အချိန်တွေမှာ စာသားအရေးအသားကို ဝင်ရောက်ထောက်ပြမှုတွေရှိလာတဲ့အတွက် အဆိုပါ Page တွေဟာ ရေးသားဖော်ပြထားတဲ့ စာသားတွေကို ပြန်Editလုပ်ခဲ့ကြပါတယ်။ သို့ပေမဲ့ စက်တင်ဘာ ၅ ရက်နေ့သတင်းကို အဆိုပါ Page တွေမှာ ပြန်လည် ဖော်ပြကြခြင်း မရှိကြတော့ပါဘူး။)


Baby powder products ban lifted  after OZ lab tests

https://m.phnompenhpost.com/national/baby-powder-product-ban-lifted-after-oz-lab-tests


Cambodia lifts baby powder ban after Australia lab tests

https://www.thestar.com.my/aseanplus/aseanplus-news/2022/09/06/cambodia-lifts-baby-powder-ban-after-australia-lab-tests