Skip to main content

ကောင်းကင်ပေါ်က နတ်ဘုရားများ ၁


ရှေးဟောင်း မက်ဆိုပိုနေးမီးယားမြေပုံံ

ရှေးဟောင်း အိန္ဒိယ နဲ့ အီဂျစ်တို့ရဲ့ ခမ်းနားကြီးကျယ်တဲ့ နတ်ဘုရားတွေ ကိုးကွယ်မှုတွေထက် စောပြီး မက်ဆိုပိုတေးမီးယား (Mesopotamia) ဒေသ (ယနေ့ အရှေ့အလယ်ပိုင်း အီရန်နဲ့ အီရတ်) မှာ နေထိုင်ခဲ့တဲ့ ဆူမားရီးယန်းလူမျိုးတွေမှာ နတ်ဘုရားတွေ ယုံကြည်ကိုးကွယ်မှု အကြီးအကျယ် ထွန်းကားခဲ့ပါတယ်။ ရှေးဟောင်း ဆူမာတွေရဲ့ နတ်ဘုရားအစုကို အန်နာနန်ကီ(Anunnaki) လို့‌ခေါ်ကြပါတယ်။ ရှေးဟောင်း ဆူမားရီးယန်းတွေရဲ့ ယဥ်ကျေးမှုကို First Civilization လို့ သတ်မှတ်ကြပါတယ်။

အန်နာနန်ကီ(Anunnaki) တွေဟာ နတ်ဘုရား အန်(An) နဲ့ နတ်ဘုရားမ ကီ(Ki) တို့ရဲ့ မျိုးဆက်တွေ ဖြစ်ပါတယ်။ ဘေဘီလိုးနီးယား ဒဏ္ဍာရီ (Babylonian creation myths)မှာ အန်နာနန်ကီ(Anunnaki)နတ်ဘုရား မာဒတ်(Marduk) ဟာ ကောင်းကင်ဘုံကို စောင့်ရှောက်ဖို့ အန်နာနန်ကီ(Anunnaki) ၃၀၀ နဲ့ မြေအောက်ကမ္ဘာကို စောင့်ကြပ်ဖို့ အန်နာနန်ကီ(Anunnaki) ၃၀၀ ကို စေလွှတ်ခဲ့တယ်လို့ ဖော်ပြပါတယ်။

ဘီစီ ၂၅၀၀ ရှေ့ပိုင်းမှာထဲက မက်ဆိုပိုတေးမီးယား (Mesopotamia) ဒေသက ဆူမားရီးယန်းလူမျိုးတွေဟာ နတ်ဘုရား အန်(An)ရဲ့ သားတော် နတ်ဘုရား အန်ကီ(Enki) ကို ကိုးကွယ်ပူဇော်မှုတွေ လုပ်နေတာကို တွေ့ရပါတယ်။၁၉၂၉ ခုနှစ်လောက်ကတွေ့ရှိခဲ့တဲ့ ရွှံ့စာ(Clay Tablet) တွေမှာ တွေ့ရှိရတဲ့ အချက်အလက်တွေကို ပညာရှင်တွေ ခက်ခက်ခဲခဲ ဘာသာပြန် ဖော်ထုတ်လာပြီးတဲ့နောက်မှာ အန်နာနန်ကီ(Anunnaki)တွေရဲ့ ဖြစ်တည်မှုဟာ စဉ်းစားစရာတွေ ဖြစ်လာခဲ့ပါတယ်။

အဇာဘိုင်ဂျန်စာရေးဆရာ ဇက်ကေးရီးယား ဆစ်ရှင်(Zecharia Sitchin)ဟာ နတ်ဘုရား အန်ကီ(Enki) နဲ့ သက်ဆိုင်တဲ့ ရွှံစာတစ်ခုကို ဘာသာပြန်ခဲ့ပြီး ဒဿမမြောက်ဂြိုလ်(The 12th Planet) အမည်ရှိတဲ့ စာအုပ်တအုပ်ကို ၁၉၇၆ မှာ ထုတ်ဝေခဲ့ပါတယ်။ ဇက်ကေးရီးယား ဆစ်ရှင်(Zecharia Sitchin) အပါအဝင် ဆွီဒင်စာရေးဆရာ အန်းရစ်ခ် ဘွန် ဒန်နစ်ကန်(Erich Von Danniken)နဲ့ ရုရှားစာရေးဆရာ အက်မန်နျူရယ် ဗယ်လွန်ကော့စကီး(Immanuel Velikovsky)တို့ဟာ Triumvirate of Psuedo-historians ဆိုတဲ့ အဖွဲ့တဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်။ အဆိုပါအဖွဲ့ရဲ့ ယုံကြည်မှုအရ ရှေးဟောင်းဒဏ္ဍာရီတွေဟာ ဒဏ္ဍာရီသက်သက် မဟုတ်ပဲ သိပ္ပံပညာနဲ့ သမိုင်းအထောက်အထားတွေလို့ ဆိုပါတယ်။

ဆစ်ရှင်ရဲ့ စာအုပ်အရ ရှေးဟောင်း ဆူမားရီးယန်းတွေ ကိုးကွယ်တဲ့ အန်နာနန်ကီ(Anunnaki) နတ်ဘုရားတွေဟာ ဒဿမမြောက်ဂြိုလ် နီဘရူး(Nibiru) အမည်ရတဲ့ ဂြိုလ်ကြီးကပဲ ဖြစ်ပါတယ်။ နီဘရူး(Nibiru)ဂြိုလ်ဟာ နေရဲ့ ဆွဲငင်အားကြောင့် နေကို လည်ပါတ်နေပြီး နှစ်ပေါင်း ၃၆၀၀ မှာမှ တပါတ်ပြည့်ပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း ၄၅၀၀၀၀ က နီဘရူး(Nibiru)ဂြိုလ်ဟာ ကမ္ဘာနဲ့ အနီးဆုံးအကွာအဝေးကို ရောက်လာစဉ်က အန်နာနန်ကီ(Anunnaki)တွေဟာ ဆူမာတွေ နေထိုင်မဲ့ ဒေသကို ဆင်းသက်လာခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ နီဘရူး(Nibiru)ဂြိုလ်ရဲ့ လေထုအလွှာကို ပြင်ဆင်ရာမှာ သုံးဖို့ ကမ္ဘာက ရွှေတွေကို တူးဖော်ဖို့ ဖြစ်ပါတယ်။

သမိုင်းပညာရှင်တွေနဲ့ ဆစ်ရှင်နဲ့ သူ့အပေါင်းအပါ စာရေးဆရာတွေရဲ့ ယူဆချက်တွေကို ပြင်းပြင်းထန်ထန် ငြင်းဆိုကြပါတယ်။ ရှေးဟောင်း ဘေဘီလိုးနီးယားဒဏ္ဍာရီတွေဟာ ပုံပြင်သာသာဖြစ်ပြီး အဆိုပါခေတ်ကလူတွေဟာ သူတို့နေထိုင်ရာ ပါတ်ဝန်းကျင်ဒေသနဲ့ ကိုးကွယ်မှုတွေကို သူတို့ စိတ်ကူးရခဲ့သလို ပုံဖော်ရေးသားခဲ့တာရယ်လို့ ငြင်းချက်ထုတ်ပါတယ်။

ဒါပေမဲ့လည်း ရှေးဟောင်း ဘေဘီလိုးနီးယားသားတွေဟာ ဂျူပီတာဂြိုလ်ရဲ့ ဂြိုလ်ပတ်လမ်းကို ဥရောပတိုက်သားတွေ တွေ့ရှိတာထက် နှစ်ပေါင်း ၁၄၀၀ စောပြီး တွက်ချက်ထားနိုင်တာကို Plimpton 322 ဆိုတဲ့ ဘေဘီလိုးနီးယားရွှံ့စာမှာ မှတ်တမ်းတင်ထားခဲ့တဲ့အပြင် တြီဂိုသင်္ချာကိုလည်း ရှေးဟောင်းဂရိတွေထက် နှစ်ပေါင်း ၁၀၀၀ စောပြီး တွက်ချက်ထားနိုင်တာကို တွေ့ရပါတယ်။

နောက်ထက်စဉ်းစားစရာတခုက ရွှေအကြောင်းပါ။

ရှေးဟောင်း  အီဂျစ်လူမျိုးတွေဟာ ရွှေတွေနဲ့ ဘုရင်တွေကို မြုပ်နှံပြီး ပိရမစ်တွေတည်ဆောက်ခဲ့ရမှာလည်း ရွှေတွေကို ထည့်သွင်း အသုံးပြုခဲ့ကြပါတယ်။ အီဂျစ်တွေဟာ သူတို့ကိုးကွယ်တဲ့ နတ်ဘုရားတွေရဲ့ အရေပြားဟာ ရွှေနဲ့လုပ်ထားတယ်လို့ ယုံကြည်ကြပါတယ်။ ရွှေဟာ ယနေ့တိုင် အလွန်အသုံးဝင်တဲ့ သတ္တုအဖြစ် တည်ရှိနေပါတယ်။ တခြားသတ္တုတွေနဲ့ ယှဉ်ရင် ပိုရှားပါးတာကြောင့် တန်ဖိုးကြီးသတ္တုအဖြစ် တည်ရှိနေဆဲပါ။

ရွှေဟာ လျှပ်ကူးအားကောင်းတဲ့အတွက် အီလက်ထရောနစ် ပစ္စည်းတွေမှာ တွင်တွင်ကျယ်ကျယ် အသုံးပြကြပါတယ်။ လူသားတွေ လျှပ်စစ်ကို ၁၇ နဲ့ ၁၈ ရာစုမှသာ ရှာဖွေသိရှိခဲ့ပြီး ၁၉ ရာစုမှာမှ ကျယ်ကျယ်ပြန့်ပြန့် စတင်သုံးစွဲခဲ့တာပါ။ ရှေးဟောင်း ဆူမားရီးယန်းတွေနဲ့ ဘေဘီလိုးနီးယန်းတွေ၊ အီဂျစ်တွေဟာ ရွှေရဲ့ လျှပ်ကူးတဲ့ ဂုဏ်သတ္တိကို သိနိုင်ခြင်းမရှိပဲ ရွှေဟာ ဘာကြောင့် တန်ဖိုးကြီးသတ္တုဖြစ်လာတာလဲဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။

အန်နာနန်ကီ(Anunnaki)နတ်ဘုရားတွေကပဲ ရွှေဟာ အလွန်တန်ဖိုးကြီးတဲ့သတ္တုလို့ ရှေးဟောင်းဆူမာတွေကို သင်ကြားပေးခဲ့လေသလား။

အန်နာနန်ကီ(Anunnaki)တွေနဲ့ ပါတ်သတ်တဲ့ အစောဆုံးမှတ်တမ်းတင်ထားမှုတွေကို တတိယအာအင်ပါယာ တည်ရှိခဲ့တဲ့ ဂူဒဲရာဒေသမှာ တွေ့ရှိရတဲ့ အထောက်အထားတွေမှာ တွေ့ရပါတယ်။  အန်နာနန်ကီ(Anunnaki)တွေဟာ ကောင်းကင်က ဆင်းသက်လာခဲ့တယ်ဆိုပေမဲ့ အရေအတွက် ဘယ်လောက်ဆင်းသက်ခဲ့တယ်ဆိုတဲ့ မှတ်တမ်းမတွေ့ရပါဘူး။ ဒါပေမဲ့လည်း နတ်ဘုရားတွေကို အုပ်ချုပ်မဲ့ နတ်ဘုရား ၇ ပါး ပါဝင်လာတယ်ဆိုတာ မှတ်တမ်းတင်ထားခဲ့ပါတယ်။ အဲဒီ နတ်ဘုရားတွေကတော့ အန်(An)၊ အန်းလီ(Enlil)၊ အန်းကီ(Enki)၊ နင်ဟာဆဂ်(Ninhursag)၊ နင်းန(Nanna) အျူ(Utu)၊ အင်နန(Inana) ဆိုတဲ့ နတ်ဘုရား ၇ ပါးပဲ ဖြစ်ပါတယ်။ နတ်ဘုရားတပါးချင်းစီဟာ သူတို့ ပိုင်စိုးတဲ့ မြို့တမြို့ချင်းဆီက ဘုရားကျောင်းတွေမှာ နောက်လိုက်နတ်ဘုရားတွေနဲ့ နေထိုင်ကြပါတယ်။ နတ်ဘုရားတွေထဲမှာ အန် ကို ကိုးကွယ်ပသမှုဟာ နည်းပါးပြီး နတ်ဘုရား အန်းလီ(Enlil)နဲ့ အန်းကီ(Enki)တို့ရဲ့ အခန်းဟာ ဆူမားရီးယန်းတွေအတွက် အရေးကြီးနေရာက ပါဝင်လာပါတယ်။

ကောင်းကင်ပေါ်က ဆင်းသက်လာခဲ့တာ အန်နာနန်ကီ(Anunnaki)တွေချည်းပဲ မဟုတ်ပဲ အက်ဂျီးဂျီ(Igigi) လို့ခေါ်တဲ့ အန်နာနန်ကီ(Anunnaki)တွေကို ခစားရတဲ့ နတ်ဘုရားငယ်တွေပါ ပါဝင်ပါတယ်။ ဒါပေမဲ့လည်း ဘေဘီလိုးနီးယားခေတ်ရောက်လာတဲ့အခါ အန်နာနန်ကီ(Anunnaki)တွေနဲ့ အက်ဂျီးဂျီ(Igigi)တွေရဲ့ အခေါ်အဝေါ်ဟာ တသားတည်း ဖြစ်သွားပါတယ်။ မဟာရေကြီးမှု အကြောင်းဖေါ်ြပထားတဲ့ Gilgames Epic (ဂဲလ်ဂိမ်း) ဘေဘီလိုးနီးယားရွှံ့စာမှာ အန်နာနန်ကီ(Anunnaki)တွေနဲ့ အက်ဂျီးဂျီ(Igigi)တွေရဲ့ ဆက်နွယ်မှုကိုဖော်ပြထားပါတယ်။ အန်နာနန်ကီ(Anunnaki)တွေအတွက် အလုပ်တွေ လုပ်ပေးနေတဲ့ အက်ဂျီးဂျီ(Igigi)တွေဟာ အလုပ်ပင်ပန်းတာရယ် ဖိစီးမှုတွေများလာတာကြောင့် နတ်ဘုရားခေါင်းဆောင် အန်းလီ နေထိုင်ရာ အဆောက်အဦးကို ဝိုင်းခဲ့ပြီး ပုန်ကန်ခဲ့ပါတယ်။ အက်ဂျီးဂျီ(Igigi)တွေရဲ့ ပုန်ကန်မှုကြောင့် အန်နာနန်ကီ(Anunnaki)အစုဟာ အက်ဂျီးဂျီ(Igigi)တွေရဲ့ နေရာမှာ အစားထိုးဖို့ လူသားတွေကို ဖန်ဆင်းခဲ့တယ်ဆိုပါတယ်။ နောက်ပိုင်းမှာ အက်ဂျီးဂျီ(Igigi)နတ်ဘုရားတွေဟာ လူသားတွေအပေါ် အန်နာနန်ကီ(Anunnaki)အစုထက် ကြည့်ရှု စောင့်ရှောက်တဲ့ နတ်ဘုရားတွေ ဖြစ်လာပါတယ်။

ဇက်ကေးရီးယား ဆစ်ရှင်(Zecharia Sitchin)ရဲ့ စာအုပ်မှာတော့ အန်နာနန်ကီ(Anunnaki)တွေဟာ လူသားတွေကို ဖန်တီးဖို့ သူတို့ရဲ့ မျိူးရိုးဗီဇနဲ့ ဟိုမို အီရက်တပ်စ်-မတ်ရပ်လူ(Homo erectus)တွေရဲ့ မျိုးရိုးဗီဇကို မျိုးဥ ပေါင်းစပ်ပြီး ဖန်တီးခဲ့တယ် ဆိုပါတယ်။ ကမ္ဘာတလွှားက ပိရမစ်တွေနဲ့ အံ့ဩဖွယ်ရာ အထိမ်းအမှတ်တွေရဲ့ ဗိသုကာရှင်တွေဟာ အန်နာနန်ကီ(Anunnaki)တွေလို့ ဖော်ပြထားပါတယ်။
 
သမိုင်းပညာရှင်တွေကတော့ဆစ်ရှင်ရဲ့ အယူအဆကို ခါးခါးသီးသီး ငြင်းကြပြီး ဆစ်ရှင်ကို စိတ်ကူးယဉ် ရှေးဟောင်းသုတေသနပညာရှင် လို့ ကင်ပွန်းတပ်ခဲ့ကြပါတယ်။ သို့ပေမဲ့ ဟိုမို အီရက်တပ်စ်-မတ်ရပ်လူ(Homo erectus)တွေဟာ ဘာသာစကား ပြောနိုင် မပြောနိုင်ကို ယနေ့ထိ သိပ္ပံပညာရှင်တွေ အဖြေရှာနေဆဲပါ။

ဂျူပီတာဂြိုလ်အကြောင်း

ဘေဘီလိုးနီးယား နက္ခတ္တဗေဒပညာရှင်တွေဟာ ဂျုပီတာနဲ့ ကြယ်တွေရဲ့ အကြောင်းတွက်ချက်ထားကြောင်းကို ဟွန်းဘော့ထ်တက္ကသိုလ်(Humboldt University)က ဒေါက်တာ မက်သရူး အော်ဆင်ဗရီဗာ(Mathieu Ossendrijver)က ၂၀၁၅ မှာ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ၁၉ ရာစုအတွင်းက တူးဖော်တွေ့ရှိခဲ့တဲ့ ရွှံ့စာတွေကို ဥရောပနိုင်ငံတွေနဲ့ အမေရိကန်တို့ဟာ ရသလောက်စီ စုဆောင်းထားပြီး ပြတိုက်တွေမှာ ပြသထားပါတယ်။

၂၀၁၄ နှစ်ကုန်ပိုင်းလောက်မှာ အော်ဆင်ဗရီဗာဟာ လန်ဒန်က ပြတိုက်မှာ ပြသထားတဲ့ ရွှံ့စာတွေရဲ့ အဖြူအမည်းဓါတ်ပုံတွေကို အငြိမ်းစားယူသွားခဲ့တဲ့ ရှေးဟောင်းသုတေသနပညာရှင် မိတ်ဆွေတယောက်ဆီက ရရှိခဲ့ပါတယ်။ ဒေါက်တာ မက်သရူး အော်ဆင်ဗရီဗာဟာ အဲဒီ့စာတွေခဲ့က အမြင့် ၂ လက်မ အကျယ် ၂ လက်မရှိတဲ့ ခပ်ဝိုင်းဝိုင်း သင်္ကတ တခုကို သတိပြုမိခဲ့ပါတယ်။ ၂၀၁၅ စက်တင်ဘာလမှာ ဒေါက်တာ မက်သရူး အော်ဆင်ဗရီဗာဟာ အဆိုပါရွှံ့စာတွေကို လူကိုယ်တိုင် သွားရောက် သုတေသနလုပ်ခဲ့ပါတယ်။

ဒေါက်တာ မက်သရူး အော်ဆင်ဗရီဗာဟာ သူကိုယ်တိုင် ရှည်ကြာစွာ သုတေသနလုပ်နေတဲ့ Text A(BM 40054)ရဲ့ မိတ္တူပွားကို ယူပြီး ပြတိုက်က ရွှံ့စာလေးခုနဲ့ တိုက်ပြီး စစ်ဆေးလိုက်တဲ့အခါ ဂျူပီတာဂြိုလ်အကြောင်း မှတ်တမ်းတင်ထားတယ်ဆိုတာ တွေ့ရှိခဲ့ပါတယ်။ ရွှံ့စာငါးခုလုံးကို ပေါင်းစပ်ကြည့်လိုက်တဲ့အခါ ဂျူပီတာရဲ့ အလျင်၊ တခြားကြယ်တွေဆီ အကွာအဝေး၊ ဂြိုလ်ပါတ်လမ်း စတာတွေတွက်ချက်ထားတာကို အံ့ဩဖွယ်တွေ့ရှိခဲ့ပါတယ်။

ကမ္ဘာမှာ သိရှိခဲ့ကြတာက ၁၄ ရာစုအတွင်းမှာမှ ဂျူပီတာဂြိုလ်တည်ရှိတာ သိခဲ့ကြပြီး အခုမှတ်တမ်းတင်းထားတဲ့ ရွှံ့စာတွေကို ဘီစီ ၃၅၀ နဲ့ ၅၀ ကြားမှာ ရေးသားခဲ့ကြမယ်လို့ ခန့်မှန်းကြပါတယ်။ ယနေ့ အီရတ်လို့ခေါ်တဲ့ မက်ဆိုပိုတေးမီးယားမှာ နေထိုင်ခဲ့သူတွေဟာ သင်္ချာပညာရပ်မှာ နှစ်ပေါင်း ၅၀၀၀ လောက်စောပြီး ဖွံ့ဖြိုးခဲ့တာကို တွေ့ခဲ့ရပါပြီ။ ယနေ့ သင်္ချာရေတွက်ပုံ ၆၀ စနစ်ကို အခြေခံတဲ့စနစ်(sexagesimal)ဟာ ဘီစီ၃၅၀၀ ခန့်ထဲက ဆူမားရီးယန်းတွေ အသုံးပြုတဲ့စနစ်ပါ။

Popular posts from this blog

The Battle of Britain

စက်တင်ဘာ ၁၅ ရက်နေ့ကို ဗြိတိန်ကျွန်းတိုက်ပွဲ၏ အရှိန်အမြင့်ဆုံးနေ့အဖြစ် ကျွန်ုပ်မှတ်ယူပါသည်။ ဂျာမန်လုဖ်ဗာပါဟာ စက်တင်ဘာ ၁၄ ရက်နေ့ ပြင်းပြင်းထန်ထန် နှစ်ကြိမ်တိုက်ခိုက်အပြီး ၁၅ ရက်နေ့ ထင်သာမြင်သာရှိသော နေ့ဘက်တွင် ကြီးမားသော လေကြောင်းတိုက်ခိုက်မှုကို လန်ဒန်မှာ စတင်ခဲ့ပါသည်။ အဆိုပါတ်ိုက်ပွဲသည် တနင်္ဂနွေနေ့တွင် ဖြစ်ပွားခဲ့ပြီး ဝါတာလူးတိုက်ပွဲကဲ့သို့ အဆုံးအဖြတ်ပေးတဲ့တိုက်ပွဲတခု ဖြစ်ခဲ့သည်။ ကျွန်ုပ်သည် ထိုနေ့က ချက်ကွာစ်မြို့တွင် ရှိနေခဲ့သည်။ ကျွန်ုပ် ယခင်တည်းက အမှတ် ၁၁ လေတပ်ဌာနချုပ်ကို မကြာမကြာ သွားလည်ပတ်ဖူးပြီး တိုက်ပွဲ အကြီးအကျယ်မဖြစ်ခင် လေကြောင်းတိုက်ပွဲကို မျက်မြင်တွေ့ခဲ့သည်။ အဆိုပါနေ့တွင် ရာသီဥတု သာယာနေပြီး ကျွန်ုပ် အက်ခ်စ်ဘရစ်ခ်ျမြို့ကို ဖြတ်ကာ ဌာနချုပ်ကိုရောက်ခဲ့ပါသည်။ အမှတ် ၁၁ လေတပ်စုတွင် လေယာဉ် ၂၅ စီးသာရှိပြီး လန်ဒန်မြို့ဘက်သို့ ချဉ်းကပ်လာနိုင်သည့် ဆဂ်ဆက်စ်ခရိုင်၊ ကန့်ခရိုင်၊ ဆားရ်ဆက်စ်ခရိုင်နဲ့ ဟမ့်မ်ရှားရ်ခရိုင်တို့ကို ကာကွယ်ထားပါသည်။ အင်္ဂလန်၏ ကံကြမ္မာသည် အဆိုပါလေတပ်စု အပေါ်အကြီးအကျယ် မူတည်ခဲ့သည်။ လေတပ်စုကို လေတပ် ဒုတိယစစ်သေနာပတိ ပတ်ခ်မှ ခြောက်လလုံးလုံး ကြီးကြပ်ထားပါသည်။ ဒန်းကပ်တိုက်...

QR for the Boondock of elves

 Direct Root, netizens can easily view the blog anytime they want. Up. 

သုံးပြည်ထောင် ပဋိပက္ခ ၄

  ဂျိုလာခရိုင် နယ်စားဖြစ်သူ ရီခွမ်း သည် မြို့တော် ဟန်ဆောင်သို့ တပ်များစေလွှတ်၍ အကူအညီပေးရန် ကြိုးပမ်းခဲ့သော်လည်း ဟန်ဆောင်ဂျပန်လက်အောက်ကျဆုံးသွားခဲ့သဖြင့် တပ်များကို ဂျိုလာခရိုင်သို့ ပြန်လည်ဆုတ်ခွာစေကာ အင်အားစုစည်းခဲ့တော့သည်။ စည်းရုံးရေးကောင်းစွာဖြင့် ကိုရီးယားပြည်သူများကို စုစည်းခဲ့ရာ အရေးပ်ါတပ်သားများအပါအ၀င် အင်အားမှာ ငါးသောင်းနီးပါး ရှိ်လာခဲ့သည်။ ထို့နောက် မြို့တော် ဟန်ဆောင်ကို ပြန်လည်သိမ်းပိုက်ရန် ကိုရီးယားတပ်သားများကို စေလွှတ်ခဲ့သည်။ ၁၅၉၂ ဂျွန်လ ၄ ရက်တွင် ဟန်ဆောင်မြို့တောင်ဘက် ၂၆ မိုင်ခန့် ကွာဝေးသော နေရာအထိ ကိုရီးယားရှေ့ပြေးတပ် ရောက်ရှိလာခဲ့ပြီး ဂျပန်ခံတပ်တစ်ခုနှင့်တွေ့ကာ သိမ်းပိုက်ရန်ကြိုးစားခဲ့ကြသည်။ အဆိုပါခံတပ်တွင် ဂျပန်ဗိုလ်ချုပ် ဝါခီဇက ယာဆုဟာရု ဦးဆောင်သည့် ဂျပန်တပ်သား ခြောက်ရာမှ ခုခံတိုက်ခိုက်ခဲ့ကြသည်။ နောက်တစ်နေ့သို့ ရောက်ရှိလာသောအခါ ဂျပန်တပ်ကူများ ရောက်ရှိလာခဲ့၍ ကိုရီးယားတပ်များ ဂျိုလာခရိုင်သို့ ပြန်လည်ဆုတ်ခွာခဲ့ကြရသည်။ ကိုရီးယားရေတပ်၏ တိုက်ခိုက်မှုကြောင့် သဘောင်္အမြောက်အများပျက်ဆီးခဲ့သည့် ဂျပန်တို့သည် ရေတပ်ချင်းမယှဉ်တော့ပဲ မြေပြင်တပ်များကို အားပြု၍ ကိုရီးယားရေတပ်အခြေစို...