Skip to main content

The Myth of Medusa

The Mythology of Medusa

မီချူဆာ ( Medusa) သည် ရှေးဟောင်းဂရိဒဏ္ဍာရီတွင် တောင်ပံပါရှိသော လူသားမိန်းမပျိုဖြစ်ပြီး ကြောက်မက်ဖွယ်ကောင်းသော မျက်နှာ ၊ ဦးခေါင်းတွင် ဆံပင်များအစား အဆိပ်ပြင်းသော မြွေများ ရှိသည်ဟု ဖော်ပြထားကြသည်။ မီချူဆာ၏ မျက်လုံးကို ကြည့်လိုက်မိသူတိုင်း ကျောက်ရုပ်အသွင်သို့ ပြောင်းလဲကုန်ကြသည်။ ဂရိစာပေပညာရှင် ဟိုက်ဂျင်းနတ်စ် ( Hyginus ) အဆိုအရ မီချူဆာသည် ပင်လယ်နတ်ဘုရား ဖော့ဆစ်စ် (Phorcys) နှင့် ပင်လယ်နတ်ဘုရားမ (Ceto) ဆီတို တို့၏သမီးဖြစ်သည်။ ညီအစ်မသုံးဦးရှိသည့်အနက် မီချူဆာသာလျှင် သေနိုင်သောအမျိုး ဖြစ်လေသည်။ ကျန်ညီအစ်မနှစ်ဖော်မှာ ဆတီနို (Stheno)နှင့် ယူယားယယ်လီး (Euryale) တို့ဖြစ်ကြသည်။ 

ဂရိဒဏ္ဍာရီအရ ဂေါ့ရ်ဂန့် (Gorgon) ညီမသုံးဖော်သည် မြေအောက်ကမ္ဘာမှလာသော မိစ္ဆာများ (Chthonic) ဖြစ်ပြီး ကမ္ဘာပောင်း (အာခေးရစ်ခ်-Archaic) ဟုဂရိတို့ခေါ်သော နေရာမှ ဖြစ်သည်။ မြွေများစွာ ရှိနေသော ဦးခေါင်း၊ အဝါရောင် အတောင်ပံများနှင့် အလွယ်တကူ မထိုးဖောက်နိုင်သော အရေပြားတို့ရှိပြီး မျက်လုံးကို ကြည့်လိုက်လျှင် ကျောက်တုံးအသွင် ပြောင်းပစ်နိုင်သော စွမ်းအင်တို့ကို ပိုင်ဆိုင်ကြသည်ဟု ဖော်ပြကြသည်။ ထိုညီမသုံးဖော်နှင့် အတူကမ္ဘာဟောင်းမှ တက်လာသူများမှာ ဂရာအီး (Graeae) စုန်းမသုံးဖော်ဖြစ်လေသည်။ 

သို့သော် ရိုမန်ဒဏ္ဍာရီတွင်မူ အနည်းငယ်ကွဲပြားမှု ရှိလေသည်။

 ရိုမန်ကဗျာဆရာ အော့ဗစ်ထ် (Ovid) အဆိုအရ……

ကြောက်မက်ဖွယ်ပုံစံသို့ မပြောင်းမီ မီချူဆာသည် အက်သင် (Athens) မြို့တော်တွင်နေသော ချောမောလှပသည့် မိန်းမပျိုလေးတစ်ဦးဖြစ်သည်။ သိမ်မွေ့သောမိန်းမပျိုလေးဖြစ်ပြီး နတ်ဘုရားများနှင့် နတ်ဘုရားမများမပေါ် ယုံကြည်မှုရှိသောသူလည်းဖြစ်သည်။ အားနည်းချက်မှာ သူမ၏ချောမောလှပမှုတွင် မာန်မာန ယစ်မူးလျက်ရှိခြင်းပင်ဖြစ်သည်။ လောကတွင် သူမသာလျှင်ချောမောလှပမှု အရှိဆုံးဟုထင်မြင်သည်။ ထိုသို့သော ဝံ့ကြွားတို့ကြောင့် တစ်နေ့ သူမ ဒုက္ခရောက်မည်ဖြစ်ကြောင်းကို မမြင်မိခဲ့။

တစ်နေ့သောအခါ မီချူဆာသည် အပေါင်းအဖော်များနှင့်အတူ ပသ်သီနွန် (Parthenon) ကျောင်းတော်သို့ ပထမဦးဆုံးအကြိမ် သွားရောက်ခဲ့လေသည်။ ထိုကျောင်းတော်သည် ဥာဏ်ပညာနတ်ဘုရားမ အက်သီနား၏ ကျောင်းတော်ဖြစ်သည်။  ပသ်သီနွန် (Parthenon) ကျောင်းတော်တွင် နတ်ဘုရားတို့၏ ပုံတူရုပ်ထုများစွာရှိလေသည်။ မီချူဆာသည် ထိုအချိန်တွင် နှုတ်မစောင့်စည်းဘဲ နတ်ဘုရားရုပ်ထုများအား  ရှုံ့ချစကားများဆိုမိသည်။

အက်သီနား (Athena) နတ်ဘုရားမ ရုပ်ထုရှေ့ရောက်လျှင် အက်သီနားသည် မိမိလောက် မချောမော၊ သူမသာ နတ်ဘုရားမဖြစ်ခဲ့လျှင် လူများက သူမ၏ အစွမ်းသတ္တိနှင့် အလှအပကို အသိအမှတ်ပြုသောအားဖြင့် ကြီးမားသော ကျောင်းတော်ကြီး ဆောက်ပေးကြလိမ့်မည် ၊ အက်သီနား (Athena) အတွက် ဆောက်လုပ် ပူဇော်ခြင်းသည် အကျိုးမဲ့သည် ဟုဆိုလေသည်။ ထိုစကားကြားမိသူတို့သည် အလွန်ထိတ်လန့်ကုန်ကြသည်။ အက်သီနား (Athena) သည်လည်းထိုစကားကို ကြားမိလေသည်။ ကျောင်းတော်စောင့်မှ ရှိသမျှလူအားလုံးကို အပြင်ထွက်ရန် လိုက်လံနှိုးဆော်သော်လည်း မီချူဆာ မကြားတော့။ ကြေးနီရောင်တံခါးသို့ ကြည့်မိကာ သူမအလှတွင် အာရုံသာ ရှိနေတော့သည်။ ကြည်နေစဉ်အတွင်း ပုံသဏ္ဍာန်မှာ နတ်ဘုရားမ အက်သီနား အသွင် တဖြည်းဖြည်းပြောင်းလာသည်။ အက်သီနား (Athean) မှ မီချူဆာ အား လှပခြင်းနှင့် ချစ်ခြင်းမေတ္တာတို့ ကင်းမဲ့စေရန်နှင့် ကြည့်မိသမျှသူအားလုံး ကျောက်တုံးအဖြစ်သို့ပြောင်းလဲသွားစေရန် ကျိန်စာဆိုခဲ့သည်။ ထိုကြောင့် မီချူဆာမှာ မြွေများစွာရှိသော ဦးခေါင်းနှင့် လူတစ်ပိုင်းမြွေတစ်ပိုင်း အဖြစ်သို့ ပြောင်းလဲခဲ့ရသည်။ 

နောက်ထပ်မူကွဲတမျိုးမှာ နတ်ဘုရား ပိုဆိုက်ဒွန်း (Poseidon) မှ မီချူဆာအား ပသ်သီနွန် (Parthenon) ကျောင်းတော်တွင် မတရားပြုခဲ့သည် ဟုဆိုသည်။ အက်သီနား (Athena) က ကျောင်းတော်တွင်း မလေးမစားပြုမူသည်ဟု အထင်ရှိခဲ့ကာ လူတပိုင်းမြွေတပိုင်းအဖြစ်သို့ ပြောင်းလဲခဲ့သည် ဟုလည်း ဆိုကြသည်။

( ဘီစီ ၂ ရာစုအလယ်ခန့်တွင် ဂရိနိုင်ငံ ရိုမန်တို့ လက်အောက်သို့ကျရောက်ခဲ့သည်။ ထို့ကြောင့် ရိုးရာယုံကြည်မှုများနှင့် ဒဏ္ဍာရီပုံပြင်များကို ရိုမန်ဒဏ္ဍာရီပုံပြင်များ အဖြစ်သို့ မွေးစားခဲ့ကြသည်။
မောင်သစ်စိမ်း-ဂရိဒဏ္ဍာရီ)

ထိုသို့သော မူကွဲယူဆမှုတို့ကို Clash of Titan 2010 နှင့် Percy Jackon & the Olympians 2010 တို့တွင် မီချူဆာ၏ ပုံသဏ္ဍာန်ကို နှစ်မျိုးတွေ့ရသည်။ 

ဂရိဒဏ္ဍာရီများတွင် ပါးဆီးယပ်စ် (Perseus) မှ သူမ၏ခေါင်းကို ဖြတ်ခဲ့ရခြင်းမှာ ဆဲရာဖစ်စ် (Seriphus) ဘုရင် ပိုးလီးဒတ်ကဒီးစ် (Polydectes) ၏ ရန်ကြောင့်ဖြစ်သည်။ ပိုးလီးဒတ်ကဒီးစ်က ပါးဆီးယပ်စ် (Perseus) ၏မိခင် ဒန်းနီးန် (Danae) ကိုသိမ်းပိုက်ရန်အတွက် မပြန်လမ်းသို့ တွန်းပို့ခြင်းဖြစ်လေသည်။ သို့သော် ပါးဆီးယပ်စ် (Perseus) ပြန်လာနိုင်ခဲ့ပြီး ပိုးလီးဒတ်ကဒီးစ်အား မီချူဆာ၏ ခေါင်းကိုပြကာ ကျောက်ရုပ်အသွင်သို့ ပြောင်းလဲခဲ့သည်။ ပါးဆီးယပ်စ် (Perseus) မီချူဆာ၏ ခေါင်းကို ရယူနိုင်ခြင်းမှာ နတ်ဘုရားများ၏ အကူအညီများကြောင့်ဟုဆိုလေသည်။

ရိုမန်ဒဏ္ဍာရီတွင်မူ ပါးဆီးယပ်စ် (perseus)  မီချူဆာ ၏ ဦးခေါင်းကိုယူကာ ဆဲရာဖစ်(Seriphus) သို့အပြန်တွင် တိုင်တန်နတ်ဘုရား အက်တလတ်စ် (Atlas) ကိုရင်ဆိုင်ခဲ့ရသေးသည်။ ပင်လယ်နီမှ သန္တာကျောက်တန်းများမှာလည်း မီချူဆာ ၏သွေးတို့ စီး၀င်မှုကြောင့် အနီရောင်ဖြစ်နေသည်ဟုဆိုကြသည်။ ထို့အတူ အန်ဖစ်စ်မီးနား (Amphisbaena) ဟုအမည်ရှိသော မြွေတစ်မျိုးသည် မီချူဆာ (Medusa) ၏သွေးစက်များ မြေပြင်ပေါ်သို့ ကျရောက်ခဲ့မှုကြောင့် ပေါက်ဖွားလာခဲ့သည်ဟု ဆိုလေသည်။ 

ပါးဆီးယပ်စ် (Perseus) မှ ပိုးလီးဒတ်ကဒီးစ် (Polydectes) အား ကျောက်တုံးအဖြစ်ပြောင်းပြီးနောက် မီချူဆာခေါင်းကို အက်သီးနား (Athena) ထံပေးအပ်ခဲ့သည်။ အက်သီးနား (Athena)က အီးဂျစ်စ် (Aegis) သို့ ယူဆောင်သွားခဲ့သည်ဟု ဆိုကြသည်။

20 ရာစုကာလတွင်  မီချူဆာ (Medusa) အား အမျိုးသမီးဝါဒ (Feminism) ထောက်ခံသူများ၏ အမှတ်အသားအဖြစ်ဖော်ပြကြသည်။ နောက်တမျိုးမှာ ဘာသာမဲ့ဝါဒ (Nihilism) အဖြစ်လည်းဖော်ပြတတ်ကြသည်။ 

https://en.wikipedia.org/wiki/Medusa
http://www.greekmythology.com/Myths/Creatures/Medusa/medusa.html
http://myths.e2bn.org/mythsandlegends/userstory18970-the-story-of-medusa-and-the-greek-goddess-athena.html

Popular posts from this blog

The Battle of Britain

စက်တင်ဘာ ၁၅ ရက်နေ့ကို ဗြိတိန်ကျွန်းတိုက်ပွဲ၏ အရှိန်အမြင့်ဆုံးနေ့အဖြစ် ကျွန်ုပ်မှတ်ယူပါသည်။ ဂျာမန်လုဖ်ဗာပါဟာ စက်တင်ဘာ ၁၄ ရက်နေ့ ပြင်းပြင်းထန်ထန် နှစ်ကြိမ်တိုက်ခိုက်အပြီး ၁၅ ရက်နေ့ ထင်သာမြင်သာရှိသော နေ့ဘက်တွင် ကြီးမားသော လေကြောင်းတိုက်ခိုက်မှုကို လန်ဒန်မှာ စတင်ခဲ့ပါသည်။ အဆိုပါတ်ိုက်ပွဲသည် တနင်္ဂနွေနေ့တွင် ဖြစ်ပွားခဲ့ပြီး ဝါတာလူးတိုက်ပွဲကဲ့သို့ အဆုံးအဖြတ်ပေးတဲ့တိုက်ပွဲတခု ဖြစ်ခဲ့သည်။ ကျွန်ုပ်သည် ထိုနေ့က ချက်ကွာစ်မြို့တွင် ရှိနေခဲ့သည်။ ကျွန်ုပ် ယခင်တည်းက အမှတ် ၁၁ လေတပ်ဌာနချုပ်ကို မကြာမကြာ သွားလည်ပတ်ဖူးပြီး တိုက်ပွဲ အကြီးအကျယ်မဖြစ်ခင် လေကြောင်းတိုက်ပွဲကို မျက်မြင်တွေ့ခဲ့သည်။ အဆိုပါနေ့တွင် ရာသီဥတု သာယာနေပြီး ကျွန်ုပ် အက်ခ်စ်ဘရစ်ခ်ျမြို့ကို ဖြတ်ကာ ဌာနချုပ်ကိုရောက်ခဲ့ပါသည်။ အမှတ် ၁၁ လေတပ်စုတွင် လေယာဉ် ၂၅ စီးသာရှိပြီး လန်ဒန်မြို့ဘက်သို့ ချဉ်းကပ်လာနိုင်သည့် ဆဂ်ဆက်စ်ခရိုင်၊ ကန့်ခရိုင်၊ ဆားရ်ဆက်စ်ခရိုင်နဲ့ ဟမ့်မ်ရှားရ်ခရိုင်တို့ကို ကာကွယ်ထားပါသည်။ အင်္ဂလန်၏ ကံကြမ္မာသည် အဆိုပါလေတပ်စု အပေါ်အကြီးအကျယ် မူတည်ခဲ့သည်။ လေတပ်စုကို လေတပ် ဒုတိယစစ်သေနာပတိ ပတ်ခ်မှ ခြောက်လလုံးလုံး ကြီးကြပ်ထားပါသည်။ ဒန်းကပ်တိုက်...

QR for the Boondock of elves

 Direct Root, netizens can easily view the blog anytime they want. Up. 

သုံးပြည်ထောင် ပဋိပက္ခ ၄

  ဂျိုလာခရိုင် နယ်စားဖြစ်သူ ရီခွမ်း သည် မြို့တော် ဟန်ဆောင်သို့ တပ်များစေလွှတ်၍ အကူအညီပေးရန် ကြိုးပမ်းခဲ့သော်လည်း ဟန်ဆောင်ဂျပန်လက်အောက်ကျဆုံးသွားခဲ့သဖြင့် တပ်များကို ဂျိုလာခရိုင်သို့ ပြန်လည်ဆုတ်ခွာစေကာ အင်အားစုစည်းခဲ့တော့သည်။ စည်းရုံးရေးကောင်းစွာဖြင့် ကိုရီးယားပြည်သူများကို စုစည်းခဲ့ရာ အရေးပ်ါတပ်သားများအပါအ၀င် အင်အားမှာ ငါးသောင်းနီးပါး ရှိ်လာခဲ့သည်။ ထို့နောက် မြို့တော် ဟန်ဆောင်ကို ပြန်လည်သိမ်းပိုက်ရန် ကိုရီးယားတပ်သားများကို စေလွှတ်ခဲ့သည်။ ၁၅၉၂ ဂျွန်လ ၄ ရက်တွင် ဟန်ဆောင်မြို့တောင်ဘက် ၂၆ မိုင်ခန့် ကွာဝေးသော နေရာအထိ ကိုရီးယားရှေ့ပြေးတပ် ရောက်ရှိလာခဲ့ပြီး ဂျပန်ခံတပ်တစ်ခုနှင့်တွေ့ကာ သိမ်းပိုက်ရန်ကြိုးစားခဲ့ကြသည်။ အဆိုပါခံတပ်တွင် ဂျပန်ဗိုလ်ချုပ် ဝါခီဇက ယာဆုဟာရု ဦးဆောင်သည့် ဂျပန်တပ်သား ခြောက်ရာမှ ခုခံတိုက်ခိုက်ခဲ့ကြသည်။ နောက်တစ်နေ့သို့ ရောက်ရှိလာသောအခါ ဂျပန်တပ်ကူများ ရောက်ရှိလာခဲ့၍ ကိုရီးယားတပ်များ ဂျိုလာခရိုင်သို့ ပြန်လည်ဆုတ်ခွာခဲ့ကြရသည်။ ကိုရီးယားရေတပ်၏ တိုက်ခိုက်မှုကြောင့် သဘောင်္အမြောက်အများပျက်ဆီးခဲ့သည့် ဂျပန်တို့သည် ရေတပ်ချင်းမယှဉ်တော့ပဲ မြေပြင်တပ်များကို အားပြု၍ ကိုရီးယားရေတပ်အခြေစို...