သုံးပြည်ထောင် ပဋိပက္ခ ၃

 


၁၆ ရာစုအခါက ကိုရီးယားရေတပ်၏ ပင်မကျောရိုးစစ်သဘောင်္(တစ်ပင်တိုင်)များကို ပန်းနိုးခုဆုဟု ကိုရီးယားတို့ကခေါ်ကြသည်။ ပန်းနိုးခုဆုသဘောင်္များကို ၁၅၅၅ တွင် ကိုရီးယားရေတပ် (ဂျိုဆောင်အင်ပါယာ) မှ စတင်ပုံစံထုတ်၍ အသုံးပြုခဲ့ကြသည်။ ပန်းနိုးခုဆုသဘောင်္များတည်ဆောက်ရာတွင် သဘောင်္ကိုယ်ထည်အဖြစ် ထင်းရှူးသားများကို အသုံးပြုကြပြီး တိုက်ပွဲများတွင် သဘောင်္သားများ အန္တရာယ် မဖြစ်စေရန် ၀က်သစ်ချသစ်သားများဖြင့် ကုန်းပါတ်ကို ထပ်မံ၍ ဘောင်ခတ်ထားပေးသည်။ 


သဘောင်္ကိုကွပ်ကဲသူ ဗိုလ်ချုပ်အတွက် အကဲကြည့်စင်ကို သဘောင်္အလယ်တွင် ထားရှိထားသည်။ သဘောင်္များတွင် ဒါအို့ဂျွန်း ဟုခေါ်သည့် ရန်သူ့သဘောင်္၀မ်းကို ပစ်ဖောက်နိုင်သည့် သံမဏိထိပ်ဖူးတပ်မြှားပစ်စင်ကြီးများကို တပ်ဆင်ခဲ့ကြသည်။ ပန်းနိုးခုဆုသဘောင်္တစ်စီးလျှင် အမြှောက် ၂၆ လက်တပ်ဆင်နိုင်ပြီး ထိုထပ်ပို၍ အမြှောက် အလက် ၅၀ နီးပါးတပ်ဆင်နိုင်မည်ဟု သမိုင်းပညာရှင်များက ခန့်မှန်းကြသည်။ သဘောင်္တစ်စီးလျှင် လူတစ်ရာရှစ်ဆယ့်ငါးယောက်ခန့် လိုက်ပါနိုင်ပြီး သုံးပုံနှစ်ပုံမှာ တိုက်ခိုက်ရေးတပ်သားများဖြစ်ကြသည်။ 


ကိုရီးယားဘုရင် ဆွန်းန်ဂျွန်း လက်ထက်တွင် ရေတပ်သဘောင်္များတွင် တပ်ဆင်ထားသော အမြှောက်များပစ်နိုင်သည့် အကွာအဝေးမှာ ပေကိုးရာကျော်မှ ပေသုံးထောင်ကျော်အထိ တိုးတက်လာခဲ့သည်။ ဂျပန်ကျူးကျော်စစ်တွင် ကိုရီးယားငါးဖမ်းသဘောင်္များကို ကင်းထောက်အဖြစ်သုံးနိုင်ခဲ့ခြင်းကလည်း အထောက်အကူပြုခဲ့သည်။ သို့သော်လည်း ကိုရီးယားရေတပ်၏ သဘောင်္အရေအတွက်မှာ ဂျပန်သဘောင်္များထက် များစွာနည်းပါးခဲ့သည်။


တစ်ဖက်ရှိ ဂျပန်တို့၏ အဓိက ပင်မစစ်သဘောင်္များ(နှစ်ပင်တိုင်ရွက်သဘောင်္)ကို  အတခယ်ဘုနယ် ဟုခေါ်ကြသည်။ အတခယ်ဘုနယ်သဘောင်္များ၏  အားသာချက်မှာ လွတ်လပ်သော ပင်လယ်ပြင်တွင် လျှင်မြန်စွာ ရွက်လွှင့်သွားလာနိုင်ပြီး အားနည်းချက်မှာ ရေစူးနက်သည့်အတွက် ကျဉ်းမြောင်းသောနေရာများနှင့် ရေတိမ်သည့် နေရာများတွင် အလှည့်အပြောင်းနှောင့်နှေးခြင်းဖြစ်သည်။ တစ်ဖန် အတခယ်ဘုနယ်သဘောင်္များတွင် အမြှောက်လေးလက်ကိုသာ အများဆုံးတပ်ဆင်နိုင်သည်။ ထို့ကြောင့် ဂျပန်ရေတပ်ဗိုလ်ချုပ်များသည် ကုန်းပါတ်ပေါ်မှ မီးပေါက်သေနတ်များဖြင့် အတန်းလိုက်ပစ်ခတ်သည့် စနစ်ကိုသာ အသုံးများခဲ့ကြသည်။ မီးပေါက်သေနတ်များ ရောက်ရှိနိုင်သည့် အကွာအဝေးမှာ ပေ ၃၀၀ မှ ပေ ၆၅၀ ခန့်သာရှိသည်။


ဂျပန်တို့၏ နောက်ထပ်သဘောင်္တစ်မျိုး(တစ်ပင်တိုင်ရွက်သဘောင်္)မှာ ဆယ်ခိဘုနယ်သဘောင်္အမျိုးအစားဖြစ်သည်။ ထိုသဘောင်္များတွင် အမြှောက်တစ်လက်သာ တပ်ဆင်နိုင်သဖြင့် ထောက်ပံ့ရေးသဘောင်္များနှင့် တွဲဖက်အသုံးပြုခဲ့ကြသည်။


ဂျပန်သဘောင်္သားများသည် ရှေးရိုးအစဉ်အလာတိုင်း အသုံးပြုခဲ့သည့် ရွက်လွှင့်အားသာသည့် သဘောင်္များဖြင့် အနီးကပ်လုံးထွေးတိုက်ခိုက်သည့် စနစ်ကိုသာ တွင်ကျယ်စွာ အသုံးချခဲ့ကြသည်။ ထိုကြောင့် လက်နက်ပစ်အားသာသော ကိုရီးယားရေတပ်သဘောင်္များနှင့် တွေ့ဆုံသည့်အခါ အနီးမကပ်နိုင်တော့ပဲ အမြှောက်ဒဏ်မိကာ အစုလိုက်အပြုံလိုက် ကျဆုံးခဲ့ကြသည်။ 


ဂျပန်များ ဘူဆန်တွင် ကမ်းတက်သည့်အခါက ကိုရီးယားရေတပ်ဗိုလ်ချုပ် ဘတ်ဂ်ဟွန်း သည် ဂွန်းန်ဆန်ခရိုင်ရှိ ရေတပ်စခန်းနှင့် ထောက်ပံ့ရေးပစ္စည်းများကို ဖျက်စီးပြီး ရွက်လွှင့်ရှောင်တိမ်းသွားခဲ့သည်။ ကိုရီးယားရေတပ် ဒုတိယဗိုလ်ချုပ် ၀န်းန်ဂန်း(၀န်းန်ဂယန်း) သည်လည်း ဦးစီးထားသော ရေတပ်စခန်းကို မီးရှို့ပြီး သဘောင်္လေးစင်းဖြင့် ခွန်းညန်းန် အရပ်သို့ ရွက်လွှင့် ဆုတ်ခွာသွားခဲ့သည်။ ထို့နောက်နယ်မောကျွန်းရှိ ရေတပ်ဗိုလ်ချုပ်ရီဆွန်းရှင်း၏ ရေတပ်သဘောင်္များနှင့် ပေါင်းစည်းရန် ကြိုးစားခဲ့ကြသည်။


၁၅၉၂ ဂျွန်လ ၁၃ ရက်တွင် ဗိုလ်ချုပ် ရီဆွန်းရှင်းနှင့် ဗိုလ်ချုပ် ရီအယ်ဝုန့်ဂီ တို့သည် ပန်းနိုးဆုခု ၁၄ စင်း ၊ စစ်သဘောင်္အငယ်စား ၁၅ စင်း၊ ငါးဖမ်းလှေ ၄၆စင်းတို့ကို ဦးစီးကာ ဂွန်းန်ဆန်းခရိုင်သို့ ၀င်ရောက်လာခဲ့သည်။ ဂျွန်လ ၁၅ ရက်တွင် ဗိုလ်ချုပ် ၀န်းန်ဂန်း၏ ရေတပ်သဘောင်္များနှင့် ပေါင်းစည်းမိသွားပြီး အိုခုခေါ ဆိပ်ကမ်းရှိ ဂျပန်သဘောင်္များကို ၀င်ရောက်တိုက်ခိုက်ရန် စတင်ထောက်လှမ်းခဲ့သည်။


အိုခုခေါဆိမ်ကမ်းရှိ ဂျပန်ရေတပ်သားများသည် အောင်နိုင်မှုကြောင့် ပေါ့ဆနေခဲ့ရုံသာမက ကိုရီးယားပြည်သူတို့၏ ပစ္စည်းများကို သဘောင်္များပေါ်မှ ဆင်းကာ လုယက်ရမ်းကားနေခဲ့သည်။ ထိုအချိန်အခါကို အခွင့်ကောင်းယူ၍  ကိုရီးယားရေတပ်မှ ဆိပ်ကမ်းကို လခြမ်းသဏ္ဍာန်ဝိုင်းကာ အမြှောက်များဖြင့် စတင်ပစ်ခတ်တော့သည်။ အလစ်အငိုက်ခံရသော

ဂျပန်ရေတပ်သဘောင်္ကိုးစင်းမှာ ဆိပ်ကမ်းမှာပင် ပျက်စီးသွားသည်။ ဂျပန်တို့က ရှေးရိုးနည်းအတိုင်း အနီးကပ်၀င်လုံးရန် ကြိုးပမ်းသောအခါ ကိုရီးယားသဘောင်္များက နောက်ဆုတ်ကာ ပစ်ခတ်သဖြင့် ထပ်မံဖျက်စီးခံရသည်။ စုစုပေါင်း သုံးပါတ်ကြာသော ရေတပ်တိုက်ပွဲစဉ်တွင် ဂျပန်သဘောင်္ ၃၃ စင်းနစ်မြုပ်ခဲ့ပြီး ကိုရီးယားသဘောင်္များ ဆုံးရှုံးခဲ့ခြင်းမရှိခဲ့ချေ။


ဗိုလ်ချုပ်ရီဆွန်းရှင်းသည် အိုခုခေါဆိပ်ကမ်းကို တိုက်ခိုက်ပြီး ဆတ်ချိုင်ပင်လယ်ကွေ့သို့ တိမ်းရှောင်သွားသည်။ ထို့နောက် ကိုရီးယားရေတပ်အတွက် ရေတပ်သဘောင်္ပုံစံသစ်တစ်မျိုးကို ပုံစံထုတ်တည်ဆောက်ခဲ့သည်။ ထိုသဘောင်္မှာ လိပ်ကျောခုံးပုံသဏ္ဍာန် စစ်သဘောင်္(နှစ်ပင်တိုင်)ဖြစ်ပြီး ငါးဖမ်းသဘောင်္ကို အခြေခံကာ ပုံစံပြန်ထုတ်ထားခြင်းဖြစ်သည်။ ဂျပန်တို့၏ ရေတပ်သဘောင်္ချင်းကပ်၍ အတင်း၀င်ရောက်ခုတ်ထစ်သော ဗျူဟာကို ကာကွယ်ရန်အတွက် သဘောင်္ကို အမိုးနှိမ့်အုပ်က သံချွန်များထောင်ထားသည်။ ပတ်လည်ကို ပစ်ခတ်ရန် အမြှောက်များအပေါ်တွင် သေနတ်ပစ်ပေါက်များရှိပြီး အမြှောက် ၃၆ လက် တပ်ဆင်နိုင်သည်။ 


၁၅၉၂ ဂျူလိုင် ၈ ရက်နေ့တွင် ဆတ်ချိုင်ပင်လယ်ကွေ့သို့ ဂျပန်သဘောင်္များ လာရောက်တိုက်ခိုက်သည်။ လိပ်ခုံးပုံစစ်သဘောင်္မှ ဂျပန်သဘောင်္များကို ရှေ့ဘက်တည့်တည့်မှ တိုး၀င်တိုက်ခိုက်ပြီး ကျန်သဘောင်္ ၂၆ စင်းက ဘေးမှ ဖြန့်ပစ်သည့်အတွက် ဂျပန်သဘောင်္ ၁၂ စင်းနစ်မြုပ်သွားခဲ့သည်။


ဂျပန်ရေတပ် ကိုရီးယားပင်လယ်ပြင်တွင် အပြင်းအထန်အရေးနိမ့်သည့် သတင်းကို ရှိုဂွန်း တိုယော်တိုမိ ဟိဒေ့ယောရှိ ကြားသဖြင့် ဂျပန်ရေတပ်ဌာနချုပ်မှ ဂျပန်ဗိုလ်ချုပ် သုံးယောက် (ဝါခိဆာက ယာဆုဟာရု၊ ကာတို ယောရှိအခိ၊ ခုခိ ယောရှိတာက) အားပြန်ခေါ်၍ ကိုရီးယားရှိ ဂျပန်ရေတပ်ကိုဦးစီးစေခဲ့သည်။ ထိုဗိုလ်ချုပ်သုံးယောက်ထဲမှ ဝါခိဆာက ယာဆုဟာရု သည် နာမည်ကောင်းရချင်သည့်အတွက် ကျန်ဗိုလ်ချုပ် နှစ်ယောက်ကို မတိုင်ပင်ပဲ အစီအစဉ်ချကာ ကိုရီးယားတို့ကို ချေမှုန်းရန်ပြင်ဆင်ခဲ့သည်။ 


ကိုရီးယားရေတပ်ဗိုလ်ချုပ်များမှလည်း ရေတပ်အခြေစိုက်ဌာနရှိသော ဂျိုလာခရိုင်ကို ဂျပန်လက်အောက်မကျအောင် ဂျပန်ထောက်ပံ့ရေးသဘောင်္များကို ပင်လယ်ပြင်မှာပင်ဖျက်စီးကာ ထိုးစစ်ဆင်နေသော မြေပြင်တပ်များ အားလျော့စေရန် ရည်ရွယ်ထားသည်။


၁၅၉၂ သြဂုတ် ၁၃ ရက်တွင် ကိုရီးယားရေတပ် ထောက်လှမ်းရေးလှေများမှ ဟန်ဆန့်ဒိုအရပ် မီးရုကျွန်းစု အနီးတွင် ဗိုလ်ချုပ် ဝါခိဆာက ယာဆုဟာရု ဦးဆောင်သော ဂျပန်သဘောင်္၈၂စင်း ရပ်နားနေသည့် သတင်းကို ရရှိခဲ့သည်။ နောက်တစ်နေ့တွင် ကိုရီးယားသဘောင်္စုသည် ဂျပန်သဘောင်္များထံသို့ တိုက်ခိုက်ရန် ထွက်ခွာခဲ့သည်။ သို့သော်လည်း ဂျပန်ရေတပ်သဘောင်္များသည် အလစ်၀င်ရောက်တိုက်ခိုက်မည်ကို စိုးရိမ်သဖြင့် ကျဉ်းမြောင်းပြီး ရေအောက်ကျောက်ဆောင်များထူသော ရေလက်ကြားတွင် ကျောက်ချရပ်နားထားခဲ့သည်။ 


ထို့ကြောင့် ကိုရီးယားဗိုလ်ချုပ် ရီဆွန်ရှင်းမှ သဘောင်္ခြောက်စင်းဖြင့် စစ်မြူကာ ပင်လယ်ပြင်သို့ ခေါ်ထုတ်ခဲ့သည်။ ဂျပန်သဘောင်္ ၆၃ စင်းမှလည်း အတင်းလိုက်ကာ ချေမှုန်းရန် ကြိုးစားတော့သည်။ သို့သော်လည်း ကျယ်၀န်းသောပင်လယ်ပြင်တွင် ကြိုးကြာတောင်ပံသဏ္ဍာန် တပ်ဖြန့်ထားသော ကိုရီးယားရေတပ်သဘောင်္ ၅၃ စင်းနှင့်တွေ့ကာ အပစ်ခတ်ခံရတော့သည်။ ကိုရီးယားရေတပ်၏ လိပ်ခုံးပုံစစ်သဘောင်္သုံးစင်းက ရှေ့ပိုင်းမှနေ၍ ဂျပန်သဘောင်္များချီတက်လာမှုကို အလယ်မှ ထက်ခြမ်းခွဲပေးလိုက်ပြီး ပန်းနိုးခုဆုသဘောင်္များက ဘေးဘက်မှပန်း၍ အမြှောက်များဖြင့်ပစ်ခတ်ခဲ့သည်။


ဂျပန်သဘောင်္များက အနီးကပ်၍တိုက်ခိုက်ရန် ကြိုးပမ်းသော်လည်း ကိုရီးယားသဘောင်္များက အကပ်မခံပဲ နောက်သို့ဆုတ်ကာ ပစ်ခတ်ခဲ့သည်။ အမြှောက်ပစ်အားကောင်းသော ကိုရီးယားသဘောင်္များကြောင့် ဂျပန်သဘောင်္များ ရှေ့တိုးမရ နောက်ဆုတ်မရဖြစ်ကာ အထိနာခဲ့သည်။ ဗိုလ်ချုပ်ရီဆွန်ရှင်းမှလည်း ပြင်းထန်စွာ အတိုက်ခိုက်ခံရပြီး အထိနာနေသော ဂျပန်သဘောင်္များကိုသာ အနီးကပ်၀င်လုံး၍တိုက်ခိုက်ရန် အမိန့်ပေးခဲ့သည်။ 


တိုက်ပွဲရလာဒ်မှာ ဂျပန်သဘောင်္ ၄၇ စင်းနစ်မြုပ်ခဲ့ပြီး ၁၂ စင်းကို ကိုရီးယားတို့ သိမ်းပိုက်သွားခဲ့သည်။ ဂျပန်ရေတပ်ကို ဦးစီးခဲ့သည့် ဗိုလ်ချုပ် ဝါကိဆာကသည်လည်း ကိုယ်လွယ်ရုန်းပြေးခဲ့ရသည်။ ဂျပန်ရေတပ်၏ အကြီးအကျယ် ဆုံးရှုံးမှုများကြောင့် ဂျပန်ရှိုဂွန်းမှ ရေတပ်စစ်ဆင်ရေးများကို ရပ်ဆိုင်းရန် အမိန့်ပေးခဲ့တော့သည်။


၁၅၉၂ စက်တင်ဘာ ၁ ရက်တွင် ကိုရီးယားရေတပ်မှ ဂျပန်တို့သိမ်းပိုက် အခြေစိုက်ထားသည့် ဘူဆန်ဆိပ်ကမ်းကို လျှပ်တပြက်၀င်တိုက်ခိုက်ခဲ့တော့သည်။ ရေတပ်သဘောင်္အများအပြားဆုံးရှုံးခဲ့သဖြင့် ဂျပန်တို့မှာ ပင်လယ်ပြင်ကိုထွက်မတိုက်တော့ပဲ ဆိပ်ကမ်းရှိခံတပ်များမှသာ ခုခံခဲ့ကြသည်။ ကိုရီးယားတပ်သားများ ကမ်းပေါ်တက်ရောက်မတိုက်နိုင်အောင် အမြင့်ပိုင်းများမှ နေ၍ မီးပေါက်သေနတ်များ၊ အမြှောက်များဖြင့် အပြင်းအထန်တန်ပြန်တိုက်ခိုက်ခဲ့သည်။ ကိုရီးယားရေတပ်သားများမှာ ကမ်းပေါ်သို့ မတက်နိုင်သော်လည်း ဂျပန်သဘောင်္ ၄၀၀ ခန့်ကို မီးရှို့ဖျက်ဆီးနိုင်ခဲ့သည်။ နှစ်ဖက်စလုံးအကျအဆုံးများပြီး ပြင်းထန်ခဲ့သော ထိုတိုက်ပွဲတွင် ဗိုလ်ချုပ် ရီဆွန်းရှင်း အားထားရသော ဗိုလ်တစ်ယောက် ကျဆုံးခဲ့လေသည်။ ထိုတိုက်ပွဲတွင် ကိုရီးယားရေတပ်မှာ အနိုင်ရသော်လည်း အထိနာခဲ့ကာ ပြန်လည်ဆုတ်ခွာခဲ့သည်။  


ဘူဆန်ဆိပ်ကမ်းတိုက်ပွဲတွင် ကိုရီးယားတို့က နည်းဗျူဟာအရ အနိုင်ရခဲ့သော်လည်း ဂျပန်တို့မှ ဘူဆန်ဆိပ်ကမ်း (ဂျပန်ပြည်နှင့် ကိုရီးယားပြည်အကြား ထောက်ပံ့ရာ အဓိကရေလမ်းကြောင်း) ကို ကိုရီးယား-ဂျပန်စစ်ပွဲ ပြီးသည်အထိ ထိန်းချုပ်ထားနိုင်ခဲ့သည်။