Skip to main content

Domestic Vaccine

 




August 8 ရက်နေ့မှာ ဗီယက်နမ်ပြည်တွင်းထုတ် ကိုဗစ်ကာကွယ်ဆေးဟာ စမ်းသပ်မှု ၉၀ ရာနှုန်းနီးပါးထိရောက်ရှိနေပြီလို့ ဒေသတွင်းသတင်းတွေမှာ ဖော်ပြပါတယ်။ August ၁၅ ရက်နေ့မတိုင်ခင်မှာ လူပေါင်း ၁၃၀၀ဝ ကို စမ်းသပ်ထိုးနှံမှု ပြုလုပ်သွားမှာလို့လည်း ပြောပါတယ်။ လတ်တလောမှာတော့ အရေးအပေါ်အခြေအနေအအသုံးပြုရမဲ့ဆေးအဖြစ် အစိုးရကို ခွင့်တောင်းထားကြောင်းသိရပါတယ်။ Nanocovax ဟာ ခွင့်ပြုလိုင်စင်ရခဲ့ရင် အရှေ့တောင်အာရှမှာ ဗီယက်နမ်ဟာ ပထမဆုံးကာကွယ်ဆေး ထုတ်လုပ်တဲ့ နိုင်ငံအဖြစ် မှတ်တမ်းဝင်မှာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံဟာလဲ ကိုဗစ်ကာကွယ်ဆေး ၂ မျိုးကို စမ်းသပ်ထုတ်လုပ်ဖို့ ကြိုးစားနေကြောင်းသိရပါတယ်။ 


ဗီယက်နမ်ဟာ Nanocovax ကို စမ်းသပ်တဲ့နေရာမှာ အမေရိကန်ဒေါ်လာ ၂၁ သန်းကို အသုံးပြုထားပါတယ်။ ဗီယက်နမ်ဟာ တနှစ်ကို အလုံးရေ ၁၀သန်း ထုတ်လုပ်နိုင်မှာ ဖြစ်ပြီး ကြီးမားတဲ့ ငွေကြေးအထောက်အပံ့တွေရခဲ့ရင် တနှစ်ကို အလုံးရေ သန်း ၅ ဝ ထုတ်လုပ်နိုင်မှာဖြစ်ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။


ဗီယက်နမ်ဟာ အစောပိုင်းက အက်စတာဇင်းနစ်ကား ကာကွယ်ဆေးတွေကို ဝယ်ယူပြီး ကျန်းမာရေးဝန်ထမ်းတွေကို ထိုးပေးခဲ့ပါတယ်။ နောက်ပိုင်းမှာ တရုတ်ရဲ့ကာကွယ်ဆေးတွေကို နိုင်ငံတွင်းအသုံးပြုခွင့်ပေးခဲ့ပါတယ်။ ဒါပေမဲ့လည်း ဗီယက်နမ်အနေနဲ့ တရုတ်ဆေးကို ရေရှည်သုံးစွဲဖို့နဲ့ ပမာဏများများမှာယူဖို့ အစီအစဥ်မရှိကြောင်း ပြောခဲ့ပါတယ်။ ကာကွယ်ဆေးအကြောင်းပြပြီး တရုတ်ရဲ့ သြဇာဟာ ဗီယက်နမ်အပေါ် သက်ရောက်မှုရှိလာမှာ စိုးရိမ်နေပါတယ်။


အဓိကအားဖြင့် ဆင်းရဲတဲ့နိုင်ငံတွေကို ဖြန့်ဝေပေးမှာ ဖြစ်ပြီး တစ်လုံးကို ၅ ဒေါ်လာနဲ့ ၆ ဒေါ်လာကြားရောင်းချပေးဖို့ရှိတယ်ဆိုပါတယ်။ ဗီယက်နမ်မှာ လူဦးရေ သန်း ၁၀၀ နီးပါးရှိတဲ့အတွက် လိုအပ်တဲ့နိုင်ငံတွေကို ဆေးလုံးရေ ထုတ်မပေးပဲ နည်းပညာဖြန့်ဝေပေးဖို့ စိတ်ကူးရှိကြောင်း ပြောကြားထားပါတယ်။ ပြဿနာကတော့ နည်းပညာရတဲ့နိုင်ငံတွေဟာ ထုတ်နိုင်မထုတ်နိုင်ရှိနေပါတယ်။ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နဲ့ မိုဇမ်ဘစ်တို့ဟာ ဗီယက်နမ်ရဲ့ ကာကွယ်ဆေးကို စိတ်ဝင်စားမှုရှိနေကြောင်း ဖေဖော်ဝါရီလက သတင်းထဲမှာ ဖော်ပြထားပါတယ်။ 


ဖေဖော်ဝါရီလက လူဦးရေ ၅၆၀ ကို ဒုတိယအကြိမ်အဖြစ် ဟနွိုင်းနဲ့ ဟိုချီမင်းတို့မှာ စမ်းသပ်ခဲ့ပါတယ်။


ဆင်းရဲတဲ့နိုင်ငံတွေမှာ လူဦးရေရဲ့ ၅ ရာခိုင်နှုန်းအောက်သာ ကာကွယ်ဆေး ထိုးနှံ့ရသေးပေမဲ့ ချမ်းသာတဲ့နိုင်ငံတွေဟာ ကာကွယ်ဆေး မျှဝေပေးခြင်းမရှိတဲ့အတွက် WHO က ကာကွယ်ဆေးထိုးတာကို သြဂုတ်လကုန်ထိ ရပ်တန့်ပေးထားဖို့ တောင်းဆိုထားတာလဲရှိပါတယ်။ 


Reference. 

https://www.nst.com.my/world/region/2021/08/716149/vietnams-covid-19-vaccine-nanocovax-almost-ready

Popular posts from this blog

The Battle of Britain

စက်တင်ဘာ ၁၅ ရက်နေ့ကို ဗြိတိန်ကျွန်းတိုက်ပွဲ၏ အရှိန်အမြင့်ဆုံးနေ့အဖြစ် ကျွန်ုပ်မှတ်ယူပါသည်။ ဂျာမန်လုဖ်ဗာပါဟာ စက်တင်ဘာ ၁၄ ရက်နေ့ ပြင်းပြင်းထန်ထန် နှစ်ကြိမ်တိုက်ခိုက်အပြီး ၁၅ ရက်နေ့ ထင်သာမြင်သာရှိသော နေ့ဘက်တွင် ကြီးမားသော လေကြောင်းတိုက်ခိုက်မှုကို လန်ဒန်မှာ စတင်ခဲ့ပါသည်။ အဆိုပါတ်ိုက်ပွဲသည် တနင်္ဂနွေနေ့တွင် ဖြစ်ပွားခဲ့ပြီး ဝါတာလူးတိုက်ပွဲကဲ့သို့ အဆုံးအဖြတ်ပေးတဲ့တိုက်ပွဲတခု ဖြစ်ခဲ့သည်။ ကျွန်ုပ်သည် ထိုနေ့က ချက်ကွာစ်မြို့တွင် ရှိနေခဲ့သည်။ ကျွန်ုပ် ယခင်တည်းက အမှတ် ၁၁ လေတပ်ဌာနချုပ်ကို မကြာမကြာ သွားလည်ပတ်ဖူးပြီး တိုက်ပွဲ အကြီးအကျယ်မဖြစ်ခင် လေကြောင်းတိုက်ပွဲကို မျက်မြင်တွေ့ခဲ့သည်။ အဆိုပါနေ့တွင် ရာသီဥတု သာယာနေပြီး ကျွန်ုပ် အက်ခ်စ်ဘရစ်ခ်ျမြို့ကို ဖြတ်ကာ ဌာနချုပ်ကိုရောက်ခဲ့ပါသည်။ အမှတ် ၁၁ လေတပ်စုတွင် လေယာဉ် ၂၅ စီးသာရှိပြီး လန်ဒန်မြို့ဘက်သို့ ချဉ်းကပ်လာနိုင်သည့် ဆဂ်ဆက်စ်ခရိုင်၊ ကန့်ခရိုင်၊ ဆားရ်ဆက်စ်ခရိုင်နဲ့ ဟမ့်မ်ရှားရ်ခရိုင်တို့ကို ကာကွယ်ထားပါသည်။ အင်္ဂလန်၏ ကံကြမ္မာသည် အဆိုပါလေတပ်စု အပေါ်အကြီးအကျယ် မူတည်ခဲ့သည်။ လေတပ်စုကို လေတပ် ဒုတိယစစ်သေနာပတိ ပတ်ခ်မှ ခြောက်လလုံးလုံး ကြီးကြပ်ထားပါသည်။ ဒန်းကပ်တိုက်...

QR for the Boondock of elves

 Direct Root, netizens can easily view the blog anytime they want. Up. 

သုံးပြည်ထောင် ပဋိပက္ခ ၄

  ဂျိုလာခရိုင် နယ်စားဖြစ်သူ ရီခွမ်း သည် မြို့တော် ဟန်ဆောင်သို့ တပ်များစေလွှတ်၍ အကူအညီပေးရန် ကြိုးပမ်းခဲ့သော်လည်း ဟန်ဆောင်ဂျပန်လက်အောက်ကျဆုံးသွားခဲ့သဖြင့် တပ်များကို ဂျိုလာခရိုင်သို့ ပြန်လည်ဆုတ်ခွာစေကာ အင်အားစုစည်းခဲ့တော့သည်။ စည်းရုံးရေးကောင်းစွာဖြင့် ကိုရီးယားပြည်သူများကို စုစည်းခဲ့ရာ အရေးပ်ါတပ်သားများအပါအ၀င် အင်အားမှာ ငါးသောင်းနီးပါး ရှိ်လာခဲ့သည်။ ထို့နောက် မြို့တော် ဟန်ဆောင်ကို ပြန်လည်သိမ်းပိုက်ရန် ကိုရီးယားတပ်သားများကို စေလွှတ်ခဲ့သည်။ ၁၅၉၂ ဂျွန်လ ၄ ရက်တွင် ဟန်ဆောင်မြို့တောင်ဘက် ၂၆ မိုင်ခန့် ကွာဝေးသော နေရာအထိ ကိုရီးယားရှေ့ပြေးတပ် ရောက်ရှိလာခဲ့ပြီး ဂျပန်ခံတပ်တစ်ခုနှင့်တွေ့ကာ သိမ်းပိုက်ရန်ကြိုးစားခဲ့ကြသည်။ အဆိုပါခံတပ်တွင် ဂျပန်ဗိုလ်ချုပ် ဝါခီဇက ယာဆုဟာရု ဦးဆောင်သည့် ဂျပန်တပ်သား ခြောက်ရာမှ ခုခံတိုက်ခိုက်ခဲ့ကြသည်။ နောက်တစ်နေ့သို့ ရောက်ရှိလာသောအခါ ဂျပန်တပ်ကူများ ရောက်ရှိလာခဲ့၍ ကိုရီးယားတပ်များ ဂျိုလာခရိုင်သို့ ပြန်လည်ဆုတ်ခွာခဲ့ကြရသည်။ ကိုရီးယားရေတပ်၏ တိုက်ခိုက်မှုကြောင့် သဘောင်္အမြောက်အများပျက်ဆီးခဲ့သည့် ဂျပန်တို့သည် ရေတပ်ချင်းမယှဉ်တော့ပဲ မြေပြင်တပ်များကို အားပြု၍ ကိုရီးယားရေတပ်အခြေစို...